Saturday, July 17, 2010

မျက်စိ စက်ဝန်းနှင့် ထုံဆေး တစ်ချို့ 

ဒီနေ့  မနက် ကျွန်တော် အစောကြီး နိုးနေမိဒါ....ခါတိုင်း အိပ်ရာ ၀င်နောက်ကျ အမြဲတမ်း မနက် ၁၂ နာရီ ၀န်းကျင်မှ ထတတ်တဲ့ ကျွန်တော် ....ဒနေ့ တော့ စောစောစီးစီး နိုးနေမိတယ်....ဒီနေ့  မနက် မှာလဲ အပြင်ဘက်မှာ အုံမှိုင်းမှိုင်း တိမ်ထူထူလေးတွေနဲ့  တဖြောက်ဖြောက်နဲ့ .. မိုးတွေရွာလျက်ပေါ့...

လက်ထဲမှာ ကော်ဖီ နွေးနွေးလေးတစ်ခွက် ကို ကိုင်ရင်းနဲ့ ....ပြတင်းပေါက်မှန်ပေါ်ကို ဖွားဖွားလေး ကျ နေတဲ့ မိုးရေ စက်တွေကိုကြည့်ရင်းရဲ့  . ဟိုဒီလျောက်စဉ်းစားနေတာပေါ့..ဒီနေ့ က ကျောင်းကော အလုပ်
ကော နားရက်ပါ...သာယာဒါပေါ့ဗျာ..

ဒီအတောအတွင်း....
ဟုတ်တယ်..ဒီအတော အတွင်း ကျွန်တော် စာတွေမရေးဖစ်တာ နည်းနည်းကြာပါဘီ..ပါ့တ်တိုင်းအလုပ် ကျောင်းစာ တစ်ဖက်နဲ့ ....အိပ်ရေးဝ အောင် လုပီး အိပ်နေရတဲ့ ကျွန်တော် ဘာဆို ဘာမှ မလုပ်ဖစ်တာကြာပါဘီ....
ဘာဆို ဘာမှကို မလုပ်ဖစ်တာပါ...

မှန်ထဲမှာ ပြန်ကြည့်ရင်တောင် နည်းနည် ချိုင့်ဝင်စ ပြုနေတဲ့...ပါး ရိုးလေးတွေ အပြင်...
့ ကျွန်တော့် မျက်ကွင်းညိုညို တစ်စုံ ကိုကျွန်တော် ပြန်မြင်ရတယ်...

အဲ့ မျက်ဝန်းတွေ ကို ကျွန်တော် သနားတယ်...သူ လိုချင်တာကို ရှာဖွေနေခဲ့ တာတော်တော်လေးကြာပါဘီ...သူလိုချင်တာတွေကို မတွေ့ တာလဲ နှစ်တော်တော်တော်ကြာရာပေါ့..
ခု ဆိုသူတော်တော်လေးတောင် အို လာပါဘီ..အိုလာတယ်ဆိုတာ အသက်ကြီးလာတာပေါ့ဗျာ...စိတ်ပျက်လက်ပျက်အိုလာသလိုမျိုးပေါ့..

အဲ့မျက်ဝန်းတွေက..
သူလိုချင်တာတွေ မရတိုင်းလဲ သူ မိုးတွေ ရွာတတ်တယ်...ရံ ဖန်ရံ ခါပေါ့...

ဒါမှမဟုတ်လဲ ကာလာ ၂ ရောင်စပ် ပန်းချီကားလေးလို မျိုး အဖြူ လေးနဲ့ အမဲ ရောပီးပြတတ်တာ..
ု..နည်းနည်း နားရှုပ်သွားသလား..အဲ့ ဒါကို နည်းနည်းထက်ပြောပြမယ်..
တစ်ချို့ ပန်းချီဆရာတွေလို မျိုးပေါ့..သူ့ ပန်းချီကားထဲမှာ အဓိက Main theme က ၂ ခု ပါရင် သူပြချင်တာကို
ရှေ့ ထား ပီး သူ ဖုံးချင်တာကို နောက်က ထားထားတာမျိုးပေါ့...ဒါပေမယ့် ၂ မျိုးစလုံးကို Viewer ကိုပြတယ်..
ဖုံးလို့ မရတာလဲဖစ်နိုင်ပါလိမ့်မယ်.

ရံဖန်ရံ ခါ...အဲ့ မျက်လုံးလေးတွေက ဆေးလိပ်ငွေ့ တွေ နဲ့ ထိမိလို့ စပ်ဖျင်းဖျင်းဖစ်တယ်..
ရံဖန် ရံ ခါ..သူက အရက်ငွေ့ တွေ နဲ့ မတော်တဆ ခိုက်မိလို့  သူ့ အခွံလေးအိမ်လေးကို သူပိတ်ရင်း ၂ ရက်လောက် အနားယူတယ်..
ရံဖန်ရံခါတော့..သိပ်ကို လှပနေတဲ့  သက်တန့် ကြီးတွေကို တငေးတမော အချိန်တွေ တော်တော်ကြာတဲ့ အထိ သူပျော်ရွှင်စွာ ကြည့်နေတာ...

သူ့ စက်ဝန်းသေးသေးလေးက အသက်ဆိုရင် အဲ့ အသက်ထဲမှာဆဲလ်တွေလဲ အများကြီးရှိမှာဗျ.
သူ့ ထဲမှာ ရှိတဲ့ ဆဲလ် တစ်ချို့ တစ်ချို့ တွေဆိုရင် သေကုန်ပါဘီ...
သူအသက်ကြီးလာတာက တစ်ပိုင်း လောကဓံက နှိပ်စက်လို့  မသေသင့်တဲ့ နေရာတွေက
သေကုန်တာက တပိုင်း

အကြောင်းကြောင်းကြောင့်....သူ့ ထဲက တစ်ချို့ အစိတ်အစိတ်အပိုင်းတွေက အလုပ်မလုပ်တော့ပါဝူး.....ဘယ်လိုပြောရမလဲ.....သိပ်ကို လေးနက်တဲ့ စကားလုံး တစ်ခုနဲ့ ပြောရရင်..

"" ထုံဆေးနဲ့  အော်ပရေးရှင်းတစ်ခုလုပ်ရင်း ထုံးဆေး သုံးတာများလို့  ပျက်စီးသွားတဲ့  အစိတ်အပိုင်းတစ်စုံ ""
လိုမျိုးပေါ့.....နားရှုပ်သွားသလား....

အင်း...သေချာ စဉ်းစားကြည့်ရင် အဲ့လိုပါပဲ..ထုံဆေးဆိုတာ မနာအောင် ခဏလေး ထိုးပီး သုံးရတဲ့ ဆေးတစ်မျိုးပါ..သူ့ ကိုလဲ Over dosage လုပ်ရင် အဲ့ အစိတ်ပိုင်းက ပျက်စီးသွားနိုင်တာပါပဲလေ...

သူ့ စက်ဝန်း ထဲက တစ်ချို့ ဆဲလ်တွေက လဲ အဲ့လိုတွေ သေကုန်တာပါ...မှန်းချက် မကိုက်တာလို့ ပြောရင်လဲ ရပါတယ်...

သူဆုံးရှုံးခဲ့ တာတွေ သိပ်ကိုများပါတယ်....အဲ့လိုများတိုင်းလဲ...သူ လုပ်နေကျအတိုင်း သိပ်နာကျင်နေတဲ့ 
သူ့ ဆဲလ်လေးတွေကို သူအနာခံပီး လှီးထုတ်ရင် လှီးထုတ် ဒါမှမဟုတ်လဲ..ထုံဆေး တစ်ချို့ ကို သူသုံးမြဲသုံးလျက်ပေါ့..

သူတော်တော်လေးအသက်ကြီးနေပါဘီ..တကယ်ဆိုရင်တော့..

သူ "မလုပ်သင့်တော့ပါဘူး" ....လူတိုင်းပြောနေကြ စကားအတိုင်းဘာမှမစဉ်းစားပဲ လူတိုင်းပြောနေသလို ပြောလိုက်မယ်.ဆိုရင်တော့......

ဒါပေမယ့်လဲ သူ ဟာ နှစ်တော်တော်ကြာတဲ့ အတိုင်း ယခုလိုပဲ သံသရာလည်မြဲလည်လျက်..ပါပဲ..

သူ့ သံသရာ ဘယ်တော့ ဆုံးမလဲ ဆိုတာတော့ ကျွန်တော်ကိုယ်တိုင်လဲ ခု မိုးစက်တွေ ဖွားဖွားရွရွ လေးကျနေတဲ့ 
ပြတင်းပေါက်လေးကို ကြည့်ရင်း
ကော်ဖီ နွေးနွေးလေးကို သောက်နေရင်း တွေးတော နေလျက်ပါပဲဗျာ ။။ ။။ ။။

အေးလို့ မိုးတွင်းထဲကွေးနေသော
ဂျစ်စုတ်
Saturday, July 10, 2010 at 7:58am

Friday, November 20, 2009

မဟုတ်တာတွေသင်ပေးမယ် ၃

I love this doctor

Q: Doctor, I've heard that cardiovascular exercise can prolong life;
is this true?
A: Your heart is only good for so many beats, and that's it... don't
waste them on exercise. Everything wears out eventually. Speeding up
your heart will not make you live longer; that's like saying you can
extend the life of your car by driving it faster. Want to live longer?
Take a nap.
Q: Should I cut down on meat and eat more fruits and vegetables?
A: You must grasp logistical efficiencies. What does a cow eat? Hay
and corn. And what are these? Vegetables. So a steak is nothing more
than an efficient mechanism of delivering vegetables to your system.
Need grain? Eat chicken. Beef is also a good source of field grass
(green leafy vegetable). And a pork chop can give you 100% of your
recommended daily allowance of vegetable products.

Q: Should I reduce my alcohol intake?
A: No, not at all. Wine is made from fruit. Brandy is distilled wine,
that means they take the water out of the fruity bit so you get even
more of the goodness that way. Beer is also made out of grain. Bottoms
up!

Q: How can I calculate my body/fat ratio?
A: Well, if you have a body and you have fat, your ratio is one to
one. If you have two bodies, your ratio is two to one, etc.

Q: What are some of the advantages of participating in a regular
exercise program?
A: Can't think of a single one, sorry. My philosophy is: No Pain...Good!

Q: Aren't fried foods bad for you?
A: YOU'RE NOT LISTENING!!! .... Foods are fried these days in
vegetable oil. In fact, they're permeated in it. How could getting
more vegetables be bad for you?

Q: Will sit-ups help prevent me from getting a little soft around the middle?
A: Definitely not! When you exercise a muscle, it gets bigger. You
should only be doing sit-ups if you want a bigger stomach.

Q: Is chocolate bad for me?
A: Are you crazy? HELLO Cocoa beans! Another vegetable!!! It's the
best! feel-good food around!

Q: Is swimming good for your figure?
A: If swimming is good for your figure, explain whales to me.

Q: Is getting in-shape important for my lifestyle?
A: Hey! ! 'Round' is a shape!

Well, I hope this has cleared up any misconceptions you may have had
about food and diets.
And remember:

'Life should NOT be a journey to the grave with the intention of
arriving safely in an attractive and well preserved body, but rather
to skid in sideways - Chardonnay in one hand - chocolate in the other
- body thoroughly used up, totally worn out and screaming 'WOO HOO,
What a Ride'

AND.....

For those of you who watch what you eat, here's the final word on
nutrition and health. It's a relief to know the truth after all those
conflicting nutritional studies.

1. The Japanese eat very little fat and suffer fewer heart attacks
than Americans.

2. The Mexicans eat a lot of fat and suffer fewer heart attacks than
Americans.

3. The Chinese drink very little red wine and suffer fewer heart
attacks than Americans.

4. The Italians drink a lot of red wine and suffer fewer heart
attacks than Americans.

5. The Germans drink a lot of beers and eat lots of sausages and fats
and suffer fewer heart attacks than Americans.

CONCLUSION

Eat and drink what you like.
Speaking English is apparently what kills you.

မဟုတ်တာတွေသင်ပေးမယ် ၂

အရက်သောက်ရအောင်

Q : ဒါန.ဲ့..နေပါအုန်း..နေပါအုန်း...
A : နေပါတယ်..

Q : မင်းကဘာလို. အရက်ကို အလွန်အကျွှံ သောက်ရတာလဲ...
A : သူရမေရာကံ ကျူးလွန်ပြီး...အခြားကံ ၄ ပါးလုံအောင်လို.ပါ...

Q : ဘာကွ! သူရာမေရကံ ကျူးလွန်ပြီး....အခြားကံ ၄ ပါးပါ ချိုးဖောက် တာ မဟုတ်ဘူးလား..
A : ဘဲနဲ. ချိုးဖောက်ရမှာလဲ..

Q : ဗျာ..
A: အေ့..။ တကယ်သောက်ကြည်.ပါလား...အရက်မူး
လွန်လို. သူများကိုလိမ်ဖို.မပြောနဲ.ကို.ရှာအလုံးကြီးကို
ုပြန်မကိုက်မိအောင်လို. မနဲ ထိန်းထားရတယ်....အေ့...။

Q : အေ့!
A : မအေ့နဲ. တချို.ဆို အမူးလွန်းပြီး အမှန်တိုင် ပြောမိလို. ကျွှဲခိုးပေါ်တာ ရှိသေး..အေ့။

Q : အဲ့!
A : မ အဲ့ နဲ. အုန်းရှိသေးတယ်..သူတပါးပိုက်ဆံခိုးဖို.မပြောနဲ.
ကိုယ့်အိတ်ထဲ ပိုက်ဆံတောင် ဘယ်ကောင် နှိက်သွားမှန်း မသိလို.
ပျောက်ရတာအကြိမ်ကြိမ်...အေ့။

Q : ဟင်!
A : မဟင်နဲ.အုန်း..ကျန်သေးတယ်...သူတပါးအသက်သက်ဖို.မပြောနဲ.
ကိုယ်ဘာသာကို မရပ်နိုင်လို. ဓာတ်တိုင် ဖတ်ထားရတာဘဲ ကြည်. တော့...အေ့..။

Q : သြော်!
A : မသြော်နဲ.မပြီးသေးဘူးသူများသားမယားကိုပြစ်မှားဖို.ဆိုဝေးရော...
နိုင်ငံခြားမှာ ဖြစ်ဖူးတယ်...အမူးလွန်ပြီး ပန်ခြံထဲမှာ အိပ်နေတာ ကိုယ်. ဖင်ထဲကို
မြွေဝင်သွားမှန်း တောင်မသိဘူး...အေ့..။

Q : မင်ပြောတော့လည်း ဟုတ်သလိုဘဲ......ငါလည်း ကံ၎ပါး လုံအောင် အရက်သောက်ရ
မလိုဖြစ်နေပြီ အရက်ဆိုင် သွားအုံးမှ.....။

မဟုတ်တာတွေသင်ပေးမယ် ၁

၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။

၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။

၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။

၎။ ရိုးရှင်းမှုသည် စိတ်၏ မြားတစ်စင်း ဟု ဆိုကြသည်။ မိမိထံ
ဦးတည်လာနိုင်သော ထိုမြားကို ရှုပ်ထွေးမှု ဖြင့် လမ်းလွှဲ တတ်ပါစေ။

၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင်
ဘယ်ကို ဦးတည်နေသည်ကို သိနိုင်သည်။

၆။ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေ
လုပ်ကြပါလိမ့်မည်။

၇။ ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို လွင့်မျောခွင့်
ပျောက်ဆုံးသွားလိမ့်မည်။

၈။ ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် များလှသည်။

၉။ တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် ကိုယ့်ကိုကိုယ်
တရားခံရှာခြင်း ဖြစ်သည်။

၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက်
နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက် စေရန် ဖြစ်သည်။

၁၁။ ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။

၁၂။ သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။
သူ့စကားအောင်မြင်မှုရရန် အခွင့်အလမ်း နည်းသွားမည်။

၁၃။ အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များ
အဆင်ပြေနေသည်။

၁၄။ စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ အစာဟု ခေါ်ဆိုကြသော
စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခ နှင့် ၀င်ကြေးများ ကုန်ကျသော်လည်း
ဗိုက်မ၀။

၁၅။ စာ ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ စာများကိုသာ
ရွေးဖတ်ပါ။ စကားဝိုင်းများ ကို သင် စိုးမိုးထားနိုင်လိမ့်မည်။

၁၆။ ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို မသိလည်း ကိစ မရှိ။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးကလည်း သင့်ကို မသိချေ။

၁၇။ လေထဲတွင် တိုက်အိမ်ဆောက်ပြီး သင်ချဲ့ကားချင်သလို ချဲ့ကားပါ။
လေကုန်ကြမ်းကိုသာ အသုံးပြုရ သောကြောင့် လက်ဖက်ရည်ဖိုးမှလွဲပြီး
ကုန်ကျစရိတ် မရှိ။

၁၈။ တာဝန်ယူစိတ် မရှိသော ဦးနှောက်သည် ဆင်ခြေများစွာကို မှတ်မိနေတတ်သည်။
လိုသလို အသုံးချ ပါလေ။

၁၉။ ဇွဲရှိပါက ပင်ပန်း၏။ ဇွဲနှင့် ကြိုးစားနေစဉ် အခြေအနေ
ပြောင်းသွားမှုကြောင့် အချည်းနှီး ဖြစ်သွားတတ် သည်။

၂၀။ ဇွဲမရှိဘဲ မြန်မြန်လက်လျှော့တတ်ခြင်းကြောင့် အရှုံးသက်သာ၏။
ရည်မှန်းချက် ခိုင်မာမှု မရှိသောကြောင့် ရည်မှန်းချက်
ဖောင်းပွစွာထားနိုင်ပြီး တစ်ခုခုတွင် ပွပေါက်တိုးနိုင်၏။

၂၁။ ဟန်ပြ ဇွဲ ရှိခြင်းကား နောင်တွင် အသုံးတည့ှ်နိုင်၏။ အချို့ကိစ
များတွင် လူငှားဖြင့် ဇွဲရှိပါ။

၂၂။ လမ်းသစ် ထွင်ခြင်းသည် အခွင့်အလမ်းကို ဖန်တီးခြင်းဖြစ်ရာ
အရည်အချင်းလို၏။ အခွင့်အရေး အတွက်မူ အရည်အချင်း မလို။

၂၃။ နောက်မှ လိုက်ရသဖြင့် နောက်ကျမှာ မစိုးရိမ်ပါနှင့်။ ဘ၀လမ်းသည်
အဖြောင့်မဟုတ်သည့် အတွက် သင့်ကို ရှေ့ဆုံးမှ လူ ဟုပင် အထင်ခံရနိုင်သည်။

၂၄။ မိတ်ဆွေတုကို ပေါင်းပါ။ မိတ်ဆွေတုသည် အပေးမရှိ၊ အယူသာရှိပြီး၊
လက်မပါ၊ လေဖြင့်သာ ကူညီတတ်ရာ သင်သည်လည်း သူ၏ မိတ်ဆွေတု ဖြစ်သောကြောင့်
ဘာမှ ပေးကမ်းစရာမလို၊ သက်သာ ပေ၏။

၂၅။ ဘယ်ကို သွားမည်ဟု ဆုံးဖြတ်မထားသောကြောင့် ဦးတည်ချက် မျိုးစုံသို့
သွားနိုင်၏။ ကြိုက်သည့် ဘက်သို့ ယိမ်းနိုင်၏။

၂၆။ ဆုံးဖြတ်ချက် ချမိသကဲ့သို့ ဖြစ်သွားပါက မစိုးရိမ်ပါနှင့်။
ရှေ့ဆုံးဖြတ်ချက်များကို နောက်ဆုံးဖြတ်ချက် များနှင့် စိတ်ကြိုက်
ပြင်နိုင်၏။

၂၇။ မိမိလုပ်ဆောင်ချက်များကို ပြန်လည် မသုံးသပ်ပါနှင့်။ ဆင်ကန်းတောတိုး
အဆို ရှိသလို၊ ဆင်သွားလျှင် လမ်းဖြစ် ဟူသော အဆို လည်းရှိပေသည်။

၂၈။ လုပ်ချင်တာများသည် အရသာရှိလှသည်။ လုပ်သင့်တာများမှာမူ ပင်ပန်းခက်ခဲတတ်သည်။

၂၉။ လုပ်သင့်တာ မလုပ်ခြင်းဖြင့် လောကကို ပေးဆပ်ရန် အကြွေးချန်ထားပါ။
အကြွေးများသူကို အကြွေး ထပ်မပေးရဲတော့ပေ။

၃၀။ လုပ်သင့်တာ လုပ်သူများကို အများက ယုံကြည်လေးစားကြလိမ့်မည်။ မကြာမီ
မေ့တိမေ့လျော့နေကြ မည့် ယုံကြည်လေးစားမှုကို မမျှော်လင့်ပါနှင့်။

၃၁။ ယုံကြည်မှု မထားပါနှင့်။ ယုံကြည်ပါက အရာရာ ဖြစ်နိုင်သည် ဆိုသောစကားသည်
ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီ။

၃၂။ ယုံကြည်မှုသည် ကိုယ်တွင်း သံလိုက်ဓါတ်ကို အားကောင်းစေသည်။
သင့်အနားတွင် ရှိနေသော သံချေးများ ပြေးကပ်လာလိမ့်မည်။

၃၃။ သင့်ကိုယ်သင် ပင် မယုံကြည်ပါနှင့်။ အရာရာကို မယုံကြည်ခြင်းဖြင့်
ကြိုတင် ကာကွယ်နိုင်သည်။

၃၄။ ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟု အထင် ခံရမည်။

၃၅။ ကိုးကားစရာ စာပိုဒ် တစ်ခုခုကို အာဂုံဆောင်ထားပါ။ လူထူထူ ရှိသောအခါ
ဆိုင်ဆိုင် မဆိုင်ဆိုင် ထုတ်သုံးပါ။

၃၆။ ယုတ္တိ ရှိရှိ မရှိရှိ ငါ့စကား နွားရ ကိုယ်လိုရာဆွဲပြီး ဇွတ်ပြောပါ။
နွားဈေးကောင်းသည်။

၃၇။ ပညာကို ဥာဏ်ဖြင့် ချွန်းမအုပ်လျှင် မှားတတ်သည်။ ပညာ
တကယ်မရှိသည့်အတွက် ချွန်းမလိုချေ။

၃၈။ အမြင်ကျယ်ဖို့ ဗဟုသုတ ရှာမှီးရန် လိုအပ်ရာ ခရီးစရိတ်နှင့် စာအုပ်ဖိုး
ကုန်သည်။ အမြင်ကျယ်ခြင်း ကြောင့် စိတ်ဝင်စားစရာထက် စိတ်ပျက်စရာများကို
ပိုမို မြင်တွေ့နေရလိမ့်မည်။

၃၉။ အမြင်ကျယ်ခြင်းကြောင့် အခွင့်အလမ်းများကို ပိုမြင်နိုင်သော်လည်း
အခွင့်အရေးလို အလုပ်မဖြစ်လှ။ အမြင်ကျဉ်းသူသည် အမြင်မှားတတ်သော်လည်း
မှန်ဖို့မလိုသောအခါ အမှားသည် အဆင်ပြေ၏။

၄၀။ ကျန်းမာရေး မလိုက်စားနှင့်။ ကျန်းမာရေးလိုက်စားခြင်းသည်
အလှူအိမ်များသို့ လိုက်စားသလို အရသာ မရှိလှဘဲ မိမိကိုယ်ကို ညှင်းဆဲခြင်း
ဖြစ်သည်။

၄၁။ ခေတ်မီကာလကြီးတွင် လေ့ကျင့်ခန်းလုပ်ပြီး ဒုက ရှာစရာ မလို။ ကျန်းမာမှ
အလုပ် လုပ်နိုင်မည် ဆိုသော လူများသည် အလုပ် မလုပ်ဘဲ ချမ်းသာနည်းကို
မသိသူများ ဖြစ်သည်။

၄၂။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြသည်။ အမှန်မှာ လာဘ် သည်သာ
ကျန်းမာခြင်း ဖြစ်သည်။

၄၃။ ကိုယ့်ကိုကိုယ် မသိချင်ပါနှင့်။ ကိုယ့်ကိုကိုယ် သိသောအခါ
မိမိကိုယ်ကို လှုပ်နှိုးတတ်သဖြင့် အိပ်ရေး ပျက်၏။

၄၄။ မိမိကိုယ်ကို အလွန်ကျဉ်းမြောင်းသော ဘောင်အတွင်း ပိတ်လှောင်ထားပါ။
ထို့နောက် အခြားသူများကို အဆိုပါ ဘောင် အတွင်း ဆွဲသွင်းပြီး မိမိကမ္ဘာ
ထူထောင်ပါ။

၄၅။ ဆုံးဖြတ်ချက် ချသောအခါတိုင်း ၎င်းကို အကောင်အထည် မဖော်ဟု
ဆုံးဖြတ်ထားပါ။ ရေတို လုပ်ဆောင်ရမည် များကို ရေရှည်ဆွဲဆန့်ရန်
စကားလုံးများကို ကျွမ်းကျင်စွာ အသုံးပြုပါ။

၄၆။ စုစည်းမှုကြောင့် မုန်တိုင်းဒဏ်ကို ခံနိုင်စေ၏။ သို့သော်
အခြားဒဏ်များကို ပို ခံရစေနိုင်သည်။

၄၇။ ပူးပေါင်းမှုကြောင့် စွမ်းအားပိုများမလာဘဲ အုပ်စု ပိုများလာမည်။
ဆောင်ရွက်မှု မအောင်မြင်သည့်အခါ တွင်မူ တစ်ဦးတည်း မခံရစေရန် အများနှင့်
အချိန်မီ ပူးပေါင်းပါ။

၄၈။ အရေးကြီးတာကို နောက်မှလုပ်ပါ။ အရေးကြီးသောအရာများကို
အရေးကြီးသောလူများ စိတ်မ၀င်စား သဖြင့် ဦးစားပေးရန် မလိုအပ်။

၄၉။ အရေးမကြီးသော အထူးအရေးပေါ်များကို ကြံဆဖော်ဆောင်တတ်လျှင် အရေးပါသူ
ဖြစ်လာမည်။ အရေးမကြီးတာများကိုသာ ဦးစားပေးခြင်းဖြင့် သင်၏ တစ်နေ့တာကို
ခက်ခဲခြင်းမှ ကာကွယ်ပါ။

၅၀။ အထက်ပါပညာများကို ကျွမ်းကျင်စွာ တတ်ရန်မလို ပါ ။။ ကျွမ်းကျင်လျှင် သူများထက် ပို ၇်ျ အားကိုးခံရတတ်၏ များများအားကိုးခံရလေ ပိုပင်ပန်းလေ ဖြစ်တတ်၏။ ထို့ ကြောင့် မည်သည့်ပညာကိုမျှ ကျွမ်းကျင်စွာ တတ်ရန်မလို

စောင့်ဆိုင်းခြင်းပုံပြင်

ကျွန်တော် တက္ကစီပေါ်က ဆင်းတော့ ဆယ်နာရီ ထိုးပြီး ငါးမိနစ် ရှိနေပြီ ...။

အိုး ... သူတော့ ပွစိပွစိ လုပ်တော့မှာပဲ ...။

သူ စောင့်နေကြ ထိုင်ခုံလေးကို ကြည့်လိုက်တော့ သူ မရှိသေးပါ ...။ တော်ပါသေးရဲ့ ... ။ သက်ပြင်းကို အခုမှ ချနိုင်တော့သည် ...။

ငါးမိနစ်လောက်သာ နောက်ကျသေးခြင်းဖြစ်သည် ...။ သူ နောက်ကျလျှင်တော့ ကျွန်တော် တစ်နာရီထက်ပိုပြီး စောင့်ရတတ်သည် ...။ တစ်ခါက သူ ဆယ်နာရီချိန်းပြီး ဆယ့်တစ်နာရီ ခွဲမှ ရောက်လာခဲ့သည် ...။ သို့သော် စောင့်ဆိုင်းခြင်းကို အသားကျသွားသောအခါ ကျွန်တော် သူ့ကို စောင့်ရသည်ကို ပျော်တတ်လာသည် ...။

စောင့်ဆိုင်းခြင်းသည်လည်း ပညာတစ်ရပ် ဖြစ်လာသည် ...။ သူပြောပြသော ဆင်ခြေ ဆင်လက်တွေကို နားထောင်ရသည်မှာလည်း တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလွန်းလှသည် ...။

ခုံလေးပေါ်တွင် ကျွန်တော် တစ်ယောက်တည်း ထိုင်ချလိုက်သည် ...။ ... အင်း ... သည်နေ့လည်း စောင့်ရဦးမယ် ထင်ပါရဲ့ ...။ စိတ်မပျက်ပါဘူး ... ။ သူ လာလာ မလာလာ ကျွန်တော်ကတော့ စောင့်ရမှာပါ ...။

အင်း ... နည်းနည်း တော့ လွန်ပြီ ထင်တယ်နော် ...။ နာရီ ကြည့်တော့ ဆယ်နာရီ ဆယ့်ငါးမိနစ် ... ။

သည်လမ်းလေးထဲကို လူ အလာ နည်းတတ်သည် ... ။ သူငယ်ချင်း တစ်ယောက်ယောက် တွေ့သွားမှာကို မစိုးရိမ်ရ ...။ စိတ်အေး လက်အေး စောင့်နေယုံပင် ...။

... ဟော ... သူ လာပြီ ထင်ရဲ့ ...။ သေချာ ကြည့်တော့ သူ မဟုတ်ပါ ...။ သူနှင့် အဝေးက ကြည့်လျှင် တူသော လူတစ်ယောက်သာ ဖြစ်သည် ....။ အင်း... စောင့်ဆိုင်းရချိန်မှာ ရင် အခုန်ရဆုံးက ကိုယ် စောင့်ဆိုင်းနေသော သူနှင့် အဝေးက ကြည့်လျှင် တူသော လူတစ်ယောက်ကို တွေ့ရခြင်းပင် ဖြစ်သည်...။

အသက်ကို ခပ်မှန်မှန် ရှူပြီး လက်သန်းကို လက်မနှင့် ဖိပေးလိုက်သည် ...။ ဘယ်သူ ပြောလဲ မမှတ်မိသော်လည်း စိတ်လှုပ်ရှားလျှင် လက်မကို လက်သန်းနှင့် ဖိပေးရသည်ဟူ၏။

စိတ်လှုပ်ရှားမှု ပျောက်မသွားသော်လည်း နည်းနည်း တည်ငြိမ်သွားသည် ... ။ အိုး ... ငါစိတ်တွေ လှုပ်ရှားနေသေးပါလား ....။

ကလေး တစ်ယောက်လို စိတ်လှုပ်ရှားနေမိသည် ...။ အမှန်ဆိုလျှင် ကျွန်တော် သူ့ကို တနင်္ဂနွေ နေ့တိုင်း သည်လမ်းလေးထဲတွင် စောင့်နေကြ ဖြစ်သည်...။

တနင်္ဂနွေသည် ကျွန်တော်တို့ နှစ်ယောက်အတွက် ကံကောင်းခြင်း ရက်မြတ်ပင် ...။ ဆယ်နာရီထိုး သည်လမ်းလေးထဲတွင် တွေ့ကြသည်...။ သာယာသော လမ်းလေးထဲတွင် နာရီဝက်ခန့် လမ်းလျှောက်ကြသည် ...။ ပြီးလျှင် တစ်နေရာရာ သွားကြမည် ...။ ထိုနည်းဖြင့် ပျော်ရွှင်ဖွယ် တနင်္ဂနွေကို ဖြတ်ကျော်ကြသည်...။

တနင်္ဂနွေကို ကျွန်တော် ရင်ခုန်သည် ...။ သူ့ကို စောင့်ရသည်ကို ပိုရင်ခုန်သည် ...။ အချိန်မတိကျသော သူ၏ ရည်းစားဖြစ်ရခြင်းအတွက် ကျွန်တော်တွင် စောင့်ဆိုင်းခြင်းကို နှစ်သက်မှုဟူသည့် ဆုလာဘ် တစ်ခုကို ရရှိခဲ့သည် ...။

မကြာခင် သူ လာလောက်ပါသည် ...။ ... သူ လာမှာပါနော် ....။ ကိုယ့်ကိုယ်ကို နှစ်သိမ့်စကား ပြောမိသည်...။

သူ မလားဘူးဟူသည့် အတွေးကို မတွေးမိစေရန် ကိုယ့်ကိုယ်ကို မနည်း ထိန်းချုပ်ထားရသည် ...။ သူ လာမှာပါနော် ....။ ကိုယ့်ကိုယ်ကို ဒုတိယအကြိမ်အဖြစ် ထပ်ပြီး အားပေးနှစ်သိမ့်လိုက်သည်...။

သူ မလားဘူးဟူသော အတွေးကို တွေးမိပြီး ကျွန်တော့်ရင်ထဲ အောင့်သွားမိသည် ...။

ဟိုတစ်ပတ်ကလည်း ကျွန်တော် သူ့ကို ညနေလေးနာရီအထိ စောင့်ခဲ့သေးသည်....။ သို့သော် သူ ရောက်မလာခဲ့ပါ ...။ သည်နေ့လည်း သူ ရောက်မလာခဲ့လျှင် ....။

ကျွန်တော့်နှုတ်ခမ်းကို ကျွန်တော် ကိုက်မိလိုက်သည် ... ။ ... သူက ငါ့ကို သည်လောက်ချစ်တာ သူ မလာဘဲနေပါ့မလား ...။ ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရသည် ....။

အိုး... ဆယ့်တစ်နာရီထိုးနေပြီနော် ... ဘာပဲ ဖြစ်ဖြစ် သူ လာသင့်နေပြီ။

နာရီကို တကြည့်ကြည့်လုပ်နေမိသည် ...။ ... ဗိုက်ဆာလိုက်တာ ...။ ထမင်းချိုင့်ကို ဖွင့်ပြီး နေရာမှာတင် ထိုင်စားနေမိသည် ...။

ခဏနေပါဦး ... နေကပူလိုက်တာ ... ။ မျက်နှာပေါ် ထိုးလာသောနေကို ကာကွယ်ရန် ယပ်တောင်ကို ထုတ်လိုက်ရသည် ...။

နေစမ်းပါဦး ... ယပ်တောင်ပေါ်မှာ ဘာရေးထာပါလိမ့် ... အိုး ... သူ့နာမည်ပါလား ... ပြီးတော့ သူ့အသက် ... ပြီးတော့ ... ....ရက် .....လ ....ခုနှစ်တွင် ကွယ်လွန်သည် ...။

တော်တော် နောက်တဲ့ကောင်ပဲ ... သည်လိုမျိုးရေးထားစရာလား ...။

ဟူး ... ငါလည်း ထမင်းကုန်ပြီ ....။ အရင်ကဆို သူပဲ ခွံ့ကျွေးနေကြ ...။ အခုတော့ တစ်ယောက်တည်း စားရတာ အကျင့် ဖြစ်နေပါပြီလေ...။

တော်ပြီ ... ထမင်းလည်း ကုန်ပြီ ... ။ နာရီလည်း ကြည့်ဦးလေ ... တစ်ဆယ့်နှစ်နာရီ ထိုးနေပြီ ...။

ဘာပဲ ဖြစ်ဖြစ်လေ...။ ငါ စောင့်ရမှာပေါ့...။

ဟူး... နေ့ခင်းပိုင်းနေ ဖြစ်ပေမယ့် လမ်းကလေးမှာတော့ အရိပ်ရနေပါတယ် ...။ သည်လမ်းလေးထဲမှာ သူ့ကို စောင့်နေရတာ ကျွန်တော့်အတွက်တော့ နှစ်သက်စရာ တစ်ခုပါပဲလေ...။

အခုတော့ သူလည်း မလာသေးပါလားနော် ...။

ကျွန်တော် သူ့ကို စောင့်နေဆဲပါ ...။ သည်အချိန်မှာ သူ ရောက်လာတယ် ဆိုပါစို့ ...။ ကျွန်တော် သူ့ကို အပြစ်တင်မှာ မဟုတ်ပါဘူး ... ဘာလို့ အခုမှ ရောက်လာလဲလို့ပြောမှာ မဟုတ်ဘူး ... အရင်အပတ်တွေက ဘာလို့ မလာလဲလို့လည်း ပြောမှာ မဟုတ်ဘူး ... သူ့ကို နွေးထွေးစွာ ကြိုဆိုနေမှာပါ ...။

သူ ရောက်လာမှာပါလေ ...။ တတိယ တကြိမ် ကိုယ့်ကိုယ်ကို နှစ်သိမ့်စကားပြောချိန်မှာတော့ နေ့လည် တစ်နာရီ ခွဲနေချေပြီ ...။

အိုး ... မင်းမလာတော့ဘူးလားကွာ ... ။ ၀မ်းနည်းသော်လည်း စောင့်ဆိုင်းခြင်းကို နှစ်သက်သလို ဖြစ်လာသည် ...။

စောင့်ဆိုင်းခြင်းကို နှစ်သက်ခြင်းတွင် ရိုးသားစွာ မျှော်လင့်မှုလည်း ပါသည် ...။ ရူးသွပ်စွာ မျှော်မှန်းခြင်းလည်းပါသည် ...။ တပ်မက်စိတ်၊ မရိုးသားစိတ်လည်း ပါသည် ။ အရသာ မျိုးစုံ ရောယှက်နေသော ဟင်းတစ်ခွက်နှင့် တူလှသည် ...။

သည်ပတ်ဝန်းကျင်လေးတွင် တစ်ယောက်တည်း ထိုင်နေရသည်ကို သဘောကျလာသည် ...။ သူလာလျှင်တော့ သူ့ရင်ထဲမှာ အိပ်လိုက်မည် ... ။ မလာလျှင်တော့ ခုံလေးပေါ်မှာပင် အိပ်လိုက်တော့မည် ...။

သူလာလျှင် သူ့ကို စကားတွေ အများကြီး ပြောလိုက်မည် ...။ မလာလျှင်တော့ တစ်ယောက်တည်း စကားတွေ အများကြီး ပြောနေလိုက်မည် ...။

သူလာလျှင် သူနှင့်တူတူ လမ်းကလေးထဲတွင် လမ်းလျှောက်လိုက်မည် ...။ မလာလျှင်တော့ တစ်ယောက်တည်းပဲ လမ်းထဲတွင် လမ်းလျှောက်နေလိုက်မည် ...။

ညနေစောင်းနေခဲ့ပြီ ...။ နာရီကြည့်တော့ လေးနာရီ ...။ အင်း ... ငါ ပြန်ချိန်တောင် ရောက်နေပြီ...။

လမ်းထိပ်လေးကို လှမ်းကြည့်တော့ နေရောင်က ညိုနေပြီ ...။ တစ်ယောက်တည်း ပြန်ရတော့မည် ...။

မမုန်းပါဘူး ...။ သူ့ကို တကယ်မမုန်းပါဘူး ...။ သူမလာတာကို တကယ်မမုန်းပါဘူး ...။

အိပ်ကပ်ထဲက စာရွက်လေး တစ်ရွက် ထွက်လာသည် ...။

သူ့နာမည် ... ။ သူ့ အသက် ... ။ ပြီးတော့ သူကွယ်လွန်သည့်နေ့ ...။ အားလုံးရေးထားသည် ... ။

ဘာစာရွက်ပါလိမ့် ... ။ သူ သေသွားလျှင် ကျွန်တော် သိရမည်ပေါ့ ... ။ သူ မသေသေးပါဘူး ...။ အင်း ... နည်းနည်းတော့ မှတ်မိသလိုပဲ ...။

မဟုတ်သေးပါဘူး ...။ ဟင့်အင်း ... သူသေတယ်လို့ ကျွန်တော် လက်မခံပါဘူး ...။ ကျွန်တော် လက်ခံလိုက်လျှင် သူ့ကို ကျွန်တော် စောင့်ရသည့် အခွင့်အရေး ၊ ဒါကို ကျွန်တော် လက်လွှတ်လိုက်ရမှာပေါ့ ...။

ဟင့်အင်း ... ။ ကျွန်တော် သူ့ကို စောင့်နေဦးမှာပါ ...။ အခုတောင် သူ လာဦးမလားဆိုတဲ့ စိတ်နဲ့ ကျွန်တော် စောင့်နေဆဲပါပဲ ...။

အင်း ...။ လေးနာရီ ထိုးပြီဆိုတော့ ကျွန်တော် ပြန်ရတော့မှာပေါ့ ....။

ဒါပေမယ့် ကျွန်တော် သူ့ကို စောင့်တဲ့ အခွင့်အရေးကိုတော့ မျှော်နေဦးမှာပါ ....။

နောက်တစ်ပတ် တနင်္ဂနွေ ...။ ဟုတ်တယ် ...။ နောက်တစ်ပတ်ကို စောင့်နေဦးမှာပါ ...။

နောက်တစ်ပတ် သည်နေရာလေးကို ထပ်လာခဲ့ဦးမှာပါ ...။

ကျွန်တော် ကံမကောင်းဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ ... ။ တစ်နေ့နေ့မှာတော့ သူ နားလည်ပြီး ရောက်လာမှာပါ ... ။ ကျွန်တော် စောင့်နေတာကို သူသိပြီး တစ်နေ့တော့ ကျွန်တော့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာဦးမှာပါ ...။

ကဲ ... ခင်ဗျားရော သူ မရောက်လာဘူးလို့ ပြောနိုင်ပါ့မလား ...။

ကဲ ... ခင်ဗျား ပြောချင်တာပြော ... ကျွန်တော်ကတော့ သူ့ကို စောင့်ရတဲ့ အရသာကို သိပ်သဘောကျတယ်....။ စောင့်နေဦးမှာပါ ...။ စောင့်ဆိုင်းခြင်း ပုံပြင်ထဲမှာ ကျွန်တော် ပျော်ဝင်နေဦးမှာပါ ...။ တစ်နေ့နေ့တော့ သူ ရောက်လာမယ်ဆိုတာ ယုံကြည်ရင်းပေါ့လေ .....

ပြီး ... ( မင်းခန့်နိုင်

Men are hard to please

Men Are Hard To Please

The problems with GUYS:

If u TREAT him nicely, he says u are IN LOVE with him;
If u Don't, he says u are PROUD.

If u DRESS Nicely, he says u are to LURE him;
If u Don't, he says u are from VILLAGE.

If u ARGUE with him, he says u are STUBBORN;
If u keep QUIET, he says u have no BRAINS.

If u are SMARTER than him, he'll lose FACE;
If he's Smarter than u, he is GREAT.

If u don't Love him, he tries to POSSESS u;
If u Love him, he will try to LEAVE u.(very true huh?)

If u don't make love with him., he says u don't Love him;
If u do!! he says u are CHEAP.

If u tell him your PROBLEM, he says u are TROUBLESOME;
If u don't, he says that u don't TRUST him.

If u SCOLD him, u are like a NANNY to him;
If he SCOLDS u, it is because he CARES for u.

If u BREAK your PROMISE, u Cannot be TRUSTED;
If he BREAKS his, he is FORCED to do so.

If u SMOKE, u are BAD girl;
If he SMOKES, he is GENTLEMEN.

If u do WELL in your exams, he says it's LUCK;
If he does WELL, it's BRAINS.

If u HURT him, u are CRUEL;
If he HURTS u, u are too SENSITIVE!!